ဒေါပုံ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အထက(၁)ကျောင်းရှိ Community Based Facility Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူ စောင့်ကြည့် လူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Diagnosis Test Kit များဖြင့် ဆက်လက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် Quarantine Centre များရှိ အသွားအလာ ကန့်သတ်ထားသူ (၃၉)ဦး နှင့် လမုတန်းရပ်ကွက်ရှိ လမုတန်းကျောင်းဟောင်း ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ၊ ကိုရင်များ နှင့် ကပ္ပီယအပါအဝင်(၁၅)ဦး စုစုပေါင်း(၅၄)ဦးတို့အား Rapid Diagnosis Test Kit များဖြင့် ကိုဗစ် -၁၉ရောဂါပိုး စစ်ဆေးပေးခဲ့ရာ အားလုံး Negative အဖြေထွက်ရှိကြောင်း သိရှိရသည်။
အဆိုပါ Negative အဖြေထွက်ရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မိမိ၏ နေအိမ်တွက် Home Quarantine (၇)ရက်အား ကျန်းမာရေးနှင့်အညီ နေထိုင်စေရန် မှာကြားပြီး ၎င်းတို့၏ နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထို့သို့ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ Volunteer များ၊ သစ္စာမဏ္ဍိုင် လူမှုကူညီအသင်းတို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာခင်စန်းလွင်က Negative အဖြေထွက်ရှိသူများထဲတွင် အနံ့မရသူများအား နောက်တစ်ကြိမ်ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
သဲစုစုလွင်(ပြန်/ဆက်)