ချောင်းဆုံ အောက်တိုဘာ ၂၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုင်ငံတော်မှ ကျင်းပ ပြုလုပ်သည့် ဖွင့်ပွဲ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ပြသကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနမှ တာဝန်ရှိသူများ လူမှုရေးအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
ထို့နောက် အဆိုပါ အခမ်းအနားသို့ တက်ရောက်သည့် တာဝန်ရှိသူများသည် မြို့နယ်မိခင်နှင့် ကလေးဌာနတွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား ကာကွယ်ဆေး ထိုးနှံခြင်းကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းနှင့် မြို့နယ်အတွင်းရှိ အမျိုးသမီးငယ် (၁၆၃၅)ဦးအား ပထမအကြိမ် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပြီး ဆေးထိုးကာလမှာ အောက်တိုဘာ ၂၀ မှ ၂၂ ရက်နေ့အထိ ဆေးထိုးအဖွဲ့(၄၁)ဖွဲ့နှင့် စုရပ် (၄၈)နေရာအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် အောက်တို ဘာ ၂၀ ရက်နေ့တွင် အမျိုးသမီးငယ် (၄၃၁) ဦးကို (HPV) ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)