တောင်ဥက္ကလာပ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရဟန်းသံဃာ တော်များ ဆွမ်းအခက်အခဲမရှိစေရန် အမှတ်(၃) ရပ်ကွက် ငွေကြာရံပရိယတ္တိ စာသင်တိုက်သို့ အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက်မှ လူငယ်များက ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်၌ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင် အလှူရှင်များဖြစ်သော အမှတ်(၅)ရပ်ကွက်ရှိ လင်းရောင်ခြည်စာကြည့်တိုက်မှ လူငယ်များ၊ အမှတ်(၄)ရပ်ကွက် သီလ(၁၀)လမ်းမှ မိသားစုဝင်များ၊ အမှတ်(၅)ရပ်ကွက် ပင်းယ(၁၂)လမ်းမှ ဦးတင်ဆောင်နှင့်ဇနီး ဒေါ်မြသန်းမိသားစုတို့ စုပေါင်း၍ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကုလားပဲ၊ ကော်ဖီ၊ မုန့်၊ နှာခေါင်းစည်း(Mask)များနှင့် Face Shields များအစရှိသော ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လင်းရောင်ခြည်စာကြည့်တိုက်မှ လူငယ်များက ဦးဆောင်ပြီး ငွေကြာရံပရိယတ္တိစာသင်တိုက်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းထက်ထက်အောင်