စမ်းချောင်း အောက်တိုဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ ပြည်သူ့အကျိုးပြု လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အရေးပေါ် လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကန့်သတ်စောင့်ကြည့်ရေး စင်တာ(၂)ဖွင့်လှစ်ထားသော စမ်းချောင်း အ.ထ.က(၂)ရှေ့တွင် ကျင်းပပြုလုပ်သည်။
လှူဒါန်းရာတွင် အလှူရှင် 'မိုး' မုန့်လုပ်ငန်း မိသားစု၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှ ပြည်သူ့အကျိုးပြု လူမှုဂရုနာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုစေရန် အရေးပေါ် လူနာတင်ယာဉ် ကားတစ်စီး လှူဒါန်းရာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)