ထီးချိုင့် အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော မြစိမ်းရောင်စီမံကိန်း စတုတ္ထနှစ်အတွက် ချေးငွေထုတ်ချေးပေးမှု အား ယမန်နေ့က စပ်စားကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် လွင်ဦး မှ တောင်သူများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိ စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရန်ပုံငွေများသုံးစွဲမှုနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စပ်စားကျေးရွာ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး အရောင်းအဝယ်နှင့် အသက်မွေးဝမ်ကြောင်း လုပ်ငန်းလုပ်ကိုင်သူ အသင်းသား (၅၀၉) ဦးတို့အား စုစုပေါင်းချေးငွေ (၄၈၀) သိန်းအား ထုတ်ချေးပေးမှု အပေါ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦး၊ ဒေါ်အေးမွန်ထက် (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများအဖွဲ့က ကိုဗစ် - ၁၉ ကာလ ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းနှင့်ကော်မတီအဖွဲ့ (၅ ) ဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)