တပ်ကုန်း အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် မဲလက်မှတ်ထည့်မည့်မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ် ပိတ်ခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်သိမ်း က ကြိုတင်ဆန္ဒမဲပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များ၊ ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး တပ်ဆင် ချိတ်ပိတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပုံးအား လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ ရှေ့တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၉)အုပ်စုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအရ (၁၈၀၈၇၉)ဦးရှိပြီး၊ မဲရုံပေါင်း (၁၃၄)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
တင်စိုးလွင် (ပြန်/ဆက်)