မိုင်းဆတ် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့အဝင်/ ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ (၁၉၇)ဦးတို့ အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း နှင့် ခရီးသွား ရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်းနှင့် သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်နံနက် (၆)နာရီမှ ညနေ(၆)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေး လျက်ရှိပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)