ကံမ အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယမန်နေ့ နံနက်ပိုင်း မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလ အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြား သတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေး ကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၂၃ ဦး၊ကာကွယ်ရေး ပင်စင် ၁၃၈ ဦး၊ နိုင်ငံရေး ပင်စင် ၁၀၆ ဦး နှင့်မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၇ ဦး စုစုပေါင်း ပင်စင်စား ၈၇၄ ဦး ရှိကြောင်း ကံမမြို့မြန်မာ့ စီးပွားရေးဘဏ်ခွဲမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)