တနင်္သာရီမြို့နယ် Community Centre အတွင်း Fitness Dance အဖွဲ့မှကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအစီအစဉ် ဖျော်ဖြေတင်ဆက်ပေး

တနင်္သာရီ-အောက်တိုဘာ ၂၂


ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ် ပြည်သူများ Stay at Home နေစဉ် ကာလအတွင်း စိတ်သက်သာ အပန်းဖြေမှု ရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်၌ ကိုယ်တိုင်ပါဝင်လှုပ်ရှားနိုင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး  တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် (အထက)တနင်္သာရီတို့ပူးပေါင်း၍ ယမန်နေ့ က လူထုအခြေပြုဗဟိုဌာန Community Centre အတွင်း Fitness Dance အဖွဲ့မှ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ် အား တင်ဆက်ဖျော်ဖြေပေးခဲ့သည်။
အထက(တနင်္သာရီ)ကျောင်းမှ အထက်တန်းပြ(ကာယ) ဆရာမ ဒေါ်ညိုညိုထွေး က ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ် ပြည်သူများ Stay at Home နေစဉ်ကာလအတွင်း စိတ်သက်သာ အပန်းဖြေမှုရရှိစေရန်နှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်၌ ကိုယ်တိုင်ပါဝင် လှုပ်ရှားနိုင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆိုပါ Fitness Dance အကအဖွဲ့က ယခုကဲ့သို့ကိုယ်လက် လှုပ်ရှားဆေးတစ်ပါး ဖျော်ဖြေပေးရ ခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များအား မိတ်ဆက်ပြောကြား ပေးသည်။
ဆက်လက်၍ အဆိုပါ Fitness Dance အကအဖွဲ့က တနင်္သာရီတံတားထိပ်ရှိ Welcome to Tanintjaryi နဂါးရုပ်ပုံအရှေ့တွင်လည်း အလားတူဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ Fitness Dance အကအဖွဲ့၏ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ဖျော်ဖြေရေး အစီအစီအစဉ်ကို တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Face Book စာမျက်နှာနှင့် IPrd Tanintjaryi Page တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)