သရက် အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အငြိမ်း စား ပင်စင်လစာများအား နေ့ရက်နှင့် အချိန်သတ်မှတ်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များနှင့်အညီ အောက်တိုဘာ (၂၀) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီက မြို့ပေါ်ရပ်ကွက်များသို့ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
သရက်မြို့နယ်တွင် မြို့ပေါ် (၈) ရပ်ကွက်နှင့် ကျေးရွာ (၅၂) ရွာရှိရာ မြို့ပေါ်ရပ်ကွက်များမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို အောက်တိုဘာ (၂၀၊ ၂၁၊ ၂၂) ရက်နေ့များတွင် လည်းကောင်း၊ ကျေးရွာအုပ်စုများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ် ၍ အောက်တိုဘာ (၂၃၊ ၂၆၊ ၂၇) ရက်နေ့များတွင်လည်ကောင်း၊ နံနက်(၇)နာရီမှ နေ့လယ် (၂) နာရီအထိ ပင်စင်လစာများထုတ်ပေး သွားမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလအတွင်း ရောဂါပြန့်ပွားမှုမရှိစေရန်အတွက် မိမိတို့ရပ်ကွက်အလိုက်၊ နေ့စွဲအလိုက် ပင်စင် လစာများ လာရောက် ထုတ်ယူကြရန် မြန်မာ့စီးပွားရေဘဏ်မှ မေတ္တာရပ်ခံထားပြီး သရက်မြို့ နယ်တွင် အငြိမ်းစားပင်စင် လစာထုတ်ယူသူ (၁၇၀၀) ဦးခန့်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)