ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းဖွင့်ပွဲ ကျင်းပ

ငပုတော အောက်တိုဘာ ၂၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံမည့်ဖွင့်ပွဲ အခမ်းအနားအား အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ငပု‌တောမြို့နယ် ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း ဗွီဒီယိုအား ပြသပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့် ဗွီဒီယိုအားပြသပြီး ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် အမျိုးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအခဲ့သည်။

အဆိုပါဆေးအား ပုံမှန်ကာကွယ်‌ဆေးထိုး အစီအစဉ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်အဝ ရရှိစေရန်အတွက် ပထမအကြိမ် ထိုးနှံပြီး ၆ လ မှ ၁၂ လအတွင်း ဒုတိယအကြိမ် ထပ်မံထိုးနှံ၍ စုစုပေါင်းနှစ်ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)