ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များက အလှူငွေ၊ အစားအသောက်နှင့် အောက်စီဂျင်တိုင်းစက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် သက်ဆိုင်ရာ နေရာများသို့ ယမန်နေ့ နံနက်ပိုင်းက ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြသည်။
ယင်းသို့ လှူဒါန်းရာတွင် (၂၀၀၇-၂၀၀၈) ကျောင်းသား၊ ကျောင်းသူဟောင်း သူငယ်ချင်းများအဖွဲ့မှ (Quarantine Center)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ်(၁၅၀၀၀၀/-)၊ Quarantine ဝင်ရောက်နေသူများအတွက် နေ့လယ်စာထမင်း၊ ဟင်းအလှူ တန်ဘိုးငွေကျပ် (၁၅၀၀၀၀/-)၊ “မေတ္တာအလင်းရောင်” ရှင်ရေးကူညီမှု ပရဟိတအသင်းအတွက် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် (၁၀၀၀၀၀/-)၊ မြို့နယ်ပြည်သူ့ ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အလှူငွေကျပ် (၁၅၀၀၀၀/-)နှင့် မြို့နယ်အတွင်း (Lock Down) ပြုလုပ်ထားသည့် ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား တန်ဘိုးငွေကျပ်(၇၅၀၀၀/-) တန်ဘိုးရှိ အချိုပွဲနှင့် Mask ဘူးများကို လည်းကောင်း၊ အလှူရှင် ဒေါ်နှင်းစန္ဒာထွန်း မြို့နယ် (တိ/မွေး/ကု ဆရာဝန်)မိသားစုမှ မြို့နယ်အတွင်းရှိ (Quarantine Center)များတွင် အသုံးပြုရန်အတွက် တစ်ခုလျှင် တန်ဘိုးငွေကျပ် (၆၅၀၀/-)တန်ဘိုးရှိ အောက်စီဂျင်တိုင်းစက် (Oxymeter) (၁၅)လုံးကို သက်ဆိုင်ရာနေရာသို့ ကိုယ်တိုင်လာရောက် လှူဒါန်း ကြရာ ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)