မြစ်သား အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးစိုက်ခင်း (၃၅)ဧကမှ ထွက်ရှိသောထင်းများအား လွှဲပြောင်းပေးအပ်ခြင်းကို ထင်းခုတ်လှဲထုတ်ယူခွင့်ပြုထားသော ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်းအတွင်း၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်၊ တောအုပ်ကြီး ဒေါ်တင့်တင့်ခိုင်၊ မြစ်သား မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်လင်းအောင်၊ တောအုပ်ကြီး ဦးသူရိန်ဌေး၊ တောအုပ်ကြီး ဦးဇင်ကို၊ စိုက်ခင်းဝန်ထမ်းများ၊ ထိန်ကန်ကြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ ကြသည်။
မြစ်သားမြို့နယ်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၁၄−၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြက္ခယွေကြိုးဝိုင်း၊ အမှတ်အကွက်(၃)အတွင်း၌ ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်း(၃၅)ဧကကို တည်ထောင်ခဲ့ပြီး ယူကလစ်(၄၅၀၀)ပင်၊ မယ်ဇလီ(၃၀၀၀)ပင်နှင့် တမာပင်(၃၀၀၀)ပင်တို့အား ၂၄ ပေ ၆ ပေ ပန္နက်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ရွှေစေတီဒေသရှိ ကျေးရွာများ၏ ထင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါတွင် ၁/၂၀၁၃ ကျေးရွာစိုက်ခင်း(၃၅)ဧကမှာ (၅) နှစ်ပြည့်မြောက်ပြီးဖြစ်ရာ စိုက်ခင်းမှ ထွက်ရှိသောထင်းများအား အကျိုးပြုကျေးရွာဖြစ်သော ထိန်ကန်ကြီးကျေးရွာအုပ်စု၊ ပွဲလုံးကျော် ကျေးရွာသို့ ထင်းလွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန၊ မြစ်သားမြို့နယ်အနေဖြင့် ၁/၂၀၁၅ ကျေးရွာသုံး စိုက်ခင်း (၃၅)ဧကမှထွက်ရှိသော ထင်း (၁၉) တန်နှင့် တိုင်(၂၅)လုံးအား အဆိုပါစိုက်ခင်းအတွင်း၌ပင် ထိန်ကန်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ကျေးရွာသူ/ရွာသားများ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆုမွန်(မြစ်သား)