ပန်းတောင်း အောက်တိုဘာ ၂၂
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ကြိုတင်ဆန္ဒမဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ ရာ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းအေးက ကြိုတင်မဲများ ရောက်ရှိလာပါက စနစ်တကျ ထားရှိဆောင်ရွက်ရမည့် အချက်အလက်များနှင့်
ရောက်ရှိလာသည့် ကြိုတင်မဲလက်မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်ခံထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် မဲပုံးများကို ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ ကိုယ်စားလှယ် များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)