ဘုတ်ပြင်း အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် သပြေခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က စီမံကိန်းတာဝန်များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးအောင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းရည်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ၊ လယ်ယာကဏ္ဍ၊ သာငါးဏ္ဍ၊ သစ်တောကဏ္ဍ၊ ပို့ဆောင် ရေးကဏ္ဍများအနေဖြင့် ကာလတူနှိုင်းယှဉ်ချက်အရ တိုးတက်မှုလျော့နည်းသည့် အခြေခံအချက်များကို ဆွေးနွေးပြောကြားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက်တိုးတက်မှု လျော့နည်းခြင်းမဖြစ်စေရန် အလေးထားဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က ကဏ္ဍအလိုက်တာဝန်ရှိသည့် သက်ဆိုင်ရာဌာနများ ထံပေးအပ်ခဲ့ကြောင်းသိရသည်။
သန်းထွန်းဦး (ဘုတ်ပြင်း-ပြန်/ဆက်)