ရန်ကုန် အောက်တိုဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း နိုင်ငံတော်ထောက် ပံ့ကြေး တစ်ကြိမ်တစ်ခါမျှ မရဘူးသေးသော အခြေခံ လက်လုပ်လက်စား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ နာယကများဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ဦးဆောင်၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အခြေခံစား သောက်ကုန်များဝယ်ယူကာအိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရန်ကျန်ရှိနေသေးသော ရပ်ကွက်များသို့ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် "တစ်ထောင့်တစ်နေရာအဖွဲ့"မှလည်း အိမ်ထောင်စု(၅၀၀)အတွက် ဆန်၊ဆီ၊ကုလားပဲ များ ကိုယနေ့နံနက်ပိုင်းအချိန်ကလာ ရောက်လှူဒါန်းခဲ့ရာမြို့နယ် ကိုဗစ်-၁၉ကော်မတီနာယက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)