၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ပေးအပ်

ပခုက္ကူ အောက်တိုဘာ ၂၂

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပခုက္ကူခရိုင် မီးသတ်ဦးစီးဌာနတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော်က ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အရန် မီးသတ် တပ်ဖွဲများကို ဂုဏ်ယူပါကြောင်း ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှုများ ပါဝင်သည့်အတွက် စနစ်တကျ တာဝန်ထမ်း ဆောင်စေလိုကြောင်းနှင့် ကိုဗစ်ကာလ ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသတ် မှတ်ထားသော စည်း ကမ်း များကို လိုက်နာစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်နိုင်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလတွင် တာ ဝန်ထမ်းဆောင်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံထောက်ပံ့မှုနှင့်ယခင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများထောက်ပံ့မှုများကို ရှင်းလင်း ပြောကြားပြီး တာဝန်များကိုစနစ်တကျထမ်းဆောင်ရန် မှာကြားသည်။

ပခုက္ကူမြို့နယ်တွင် မဲရုံပေါင်း ၃၅၀ ရုံရှိပြီး မဲရုံတစ်ရုံလျှင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀၀ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်ထံမှသိရ သည်။ တူညီဝတ်စုံများကို တာဝန်ရှိ သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှူးများထံ ပေးအပ်သည်။

ကိုတမာ(ပြန်/ဆက်)