နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ အောက်တိုဘာ   ၂၃


ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် အိန္ဒိယနိုင်ငံနိုင်ငံမှလာရောက်သည့် MV KOTA BAKTl သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် M.V BASIC PIONEER သင်္ဘောပေါ်မှ သင်္ဘောသား(၂၁)ဦး ၊မလေးရှားနိုင်ငံမှလာရောက်သည့် MT. CAPELLA သင်္ဘောပေါ်မှ သင်္ဘောသား(၈)ဦး ၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၃၆)ဦး ယမန်နေ့ ညနေပိုင်းက Sign off ထွက်လာရာ     ကော့သောင်းမြို့ ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၁၄)ရက် ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
 သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား(၃၆)ဦးမှာ  ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသည့် MV KOTA BAKTl သင်္ဘော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇော်မင်းလတ် ပါ သင်္ဘောသား (၅)ဦး ၊ M.V BASIC PIONEER သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇော်လင်း ပါ  သင်္ဘောသား (၂၁)ဦး ၊ MT. CAPELLA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးထက်ပိုင်အောင် ပါ  သင်္ဘောသား (၁၀)ဦးတို့ဖြင့်  တာဝန်လွဲပြောင်းယူခဲ့သူများဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)