မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ကြရသော အိမ်ထောင်စုများအား ထောက်ပံ့

ဖောင်းပြင် အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ် ခြင်းကို ယမန်နေ့  နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပေးအပ်ခဲ့ရာ ကရားကျေးရွာအုပ်စု၊ မဲတင်- ၂ကျေးရွာ၌ အောက်တိုဘာလ ၁၇ ရက်နေ့က ပြောင်း ရွှေ့ခဲ့ရသည့် နေအိမ် (၂)လုံး၊ အောက်တိုဘာလ ၁၉ ရက်နေ့က ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၃)လုံးမှ လူ ဦးရေ စုစုပေါင်း ၂၃ ဦးအတွက် ရိက္ခာအဖြစ် ငွေကျပ် လေးသောင်း ရှစ်ထောင်သုံးရာ (၄၈၃၀၀)၊ အဝတ် Mask (၄၆) ခုနှင့်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ နေအိမ် (၅ )လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက် ပံ့ငွေကျပ် ငါးသိန်း(၅၀၀၀၀၀)ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦးစီးဌာနမှူး ဒေါ် တင်နီလာကျော်တို့က ဘေးသင့်အိမ်ထောင်စု များကိုယ်စား ကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူး ဦးလှကျော်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာတွင်  ချင်းတွင်းမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် အောက်တို ဘာလ ၁၄ ရက်နေ့၌ နေအိမ် (၄)လုံး၊ အောက်တိုဘာလ ၁၇ ရက်ေန့က နေအိမ် (၂) လုံး၊ ၁၉ရက်နေ့က နေအိမ် (၃)လုံး တို့မှ လူဦးရေစုစုပေါင်း လူဦးရေ (၄၄) ဦးတို့မှာ ဘေးကင်းရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)