မြဝတီ အောက်တိုဘာ ၂၃
ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြဝတီမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် ၁ ရပ်ကွက်ရှိ မိုးကုတ်ဈေးသို့ လာရောက်သည့် ဈေးဝယ်သူများအနက် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသောသူများကို နှာခေါင်းစည်းတစ်ခုကို နှစ်ရာကျပ်နှုန်းဖြင့် အခုဝယ်အခုတပ်စနစ်ဖြင့် အရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြဝတီခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နှင့် ဆယ်အိမ်မှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပြီး အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း များ စနစ်တကျတပ်ဆင်စေခြင်းကိုလည်း Hand speaker ဖြင့်လည်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်