တုံတာ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာ ကွယ်ထိန်းချုပ် နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို တာဝန်ရှိ သူများက ယနေ့ နံနက် ၈နာရီခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်းနှင့် တုံတာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇင်မင်းထွန်းဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက တုံတာမြို့ အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပ သွားလာခြင်း၊ စျေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်ရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင် စေခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ကြေးငွေ ၂၀၀ ကျပ် ကောက်ခံ၍ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာ ခေါင်းစည်း (Mask) များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းများကို အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ကာ တုံတာမြို့ပေါ် ရပ်ကွက်များတွင် သက်ဆိုင်ရာ စုရပ်နေရာများ သတ်မှတ်၍ ရွေ့လျားစနစ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)