မုဒုံမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ သင်တန်းဖွင့်လှစ်

မုဒုံ   အောက်တိုဘာ ၂၃

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ သင်တန်းကို ယနေ့နံနက် (၉) နာရီခန့်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည်။

ရှေးဦးစွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်ခိုင်ချိုချို ထက်က သင်တန်းတွင် ပို့ချသွားမည့် ဘာသာရပ်များ၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ သင်တန်း နည်းပြ (၆) ဦးတို့က သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတွင်မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များ ခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေးအိတ်များ ထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတာ၀န်များ ပြန်လည်ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စုရှိမဲရုံ (၁၀၃) ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး သင်တန်းသား၊ သင်တန်းသူ (၂၉၀) ဦးတို့ကို အခန်း (၄) ခန်းခွဲ၍ သင်တန်းကို (၂)ရက်ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)