မြန်အောင် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့ ပြည်သူ့ရင်ပြင်တွင် ယမန်နေ့နံနက်က မြို့နယ်အတွင်းရှိ မဲရုံ(၂၁၁) ရုံအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခဲ့ကြောင်း သိရရှိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲရုံ(၂၁၁)ရုံအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးကြည်လွင် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက မဲပုံးများ၊ ဆန္ဒပြုခန်းများ၊ ပလက်စတစ်ခြင်းတောင်းများ၊ မဲရုံသုံးစာရေး ကိရိယာများ၊ ပုံစံများ၊ ဆာလာအိတ်များ၊ ဗီနိုင်းများ၊ ပိုစတာများ၊ လက်ကမ်းစာစောင်များကို သက်ဆိုင်ရာမဲရုံများသို့ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)