ရှမ်းရွာသစ် အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒေသနေ ပြည်သူများ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်နှင့် မီးသတိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်(၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွင် မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ခံ တပ်ကြပ်ကြီးဦးရီဝင်းနှင့်တပ်ဖွဲ့ဝင်များတို့က ပြည်နယ်၊ ခရိုင်တို့၏ ညွှန်ကြားချက်များနှင့်အညီ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များကို မြို့အတွင်းသို့လှည့်လည်၍ Speaker ဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်း၊ စက်သုံးဆီ ရောင်းသည့် ဈေးဆိုင်များအား မီးဘေးအန္တရာယ် အသိပညာ ပေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံနည်းလမ်းများကို ပြသပေးခြင်းစသည့် မီးဘေးအန္တရာယ်နှင့် ဆိုင်သော အကြောင်းအရာများ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)