Freshwater Dolphin Day အထိမ်းအမှတ် ဉာဏ်စမ်းပုစ္ဆာ (၁၀)ခု အမေးအဖြေ ပြုလုပ်မည်

မန္တလေး၊ အောက်တိုဘာလ ၂၃


အောက်တိုဘာလ (၂၄) ရက်နေ့တွင် ကျရောက်မည့် Freshwater Dolphin Day အထိမ်းအမှတ်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သော ဉာဏ်စမ်းပုစ္ဆာ (၁၀) ခု အမေးအဖြေပြုလုပ်မည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။
မေးခွန်းဖြေဆိုရမည့်ရက်မှာ အောက်တိုဘာလ (၂၄)ဖြစ်ပြီး မေးခွန်းများအသေးစိပ်ကို (၂၄) ရက်နေ့တွင် ပြန်လည်ကြော်ငြာမည်ဖြစ်ရာ မေးခွန်း၏အဖြေများကို (WCS Myanmar) Page Chat box တွင် လာရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။
ဆုကြေးအနေဖြင့် ပထမဆုံးမေးခွန်း ၁၀ ခုလုံးဖြေနိုင်သူ ၅ဦးကို တစ်သောင်းတန် ဖုန်းငွေဖြည့်ကဒ် များချီးမြင့်ပေးသွားမှာဖြစ်ပြီး ပထမဆုံး မေးခွန်း ၉ ခုလုံးဖြေနိုင်သူ ၅ဦးကို ဖုန်းငွေဖြည့်ကဒ် ရှစ်ထောင်ကျပ်စီ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမဆုံး မေးခွန်း ၈ ခုလုံးဖြေနိုင်သူ ၅ဦးကို ခြောက်ထောင်ကျပ်တန် ဖုန်းငွေဖြည့်ကဒ် ၅ခု၊ ပထမဆုံး မေးခွန်း ၇ ခုလုံးဖြေနိုင်သူ ၄ဦး၊ပထမဆုံး မေးခွန်း ၆ ခုလုံးဖြေနိုင်သူ ၃ဦး၊ ပထမဆုံး မေးခွန်း ၅ ခုလုံးဖြေနိုင်သူ ၃ဦးတို့ကို သုံးထောင်ကျပ်တန် ဖုန်းငွေဖြည့်ကဒ်များ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။
ထိပ်ထားနိုင်