ကြံခင်း အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင်ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ကမ်းထိန်းသိမ်းရေးအဖွဲ့ကစစ်ဆေးခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှကင်းဝေးစေရန် ဈေးရောင်းဈေးဝယ် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့များက စစ်ဆေးပြီးနှာခေါင်းစည်း Mask များပေးခြင်း၊ Hand Speaker ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဆောင်ရွက်ရမည့် အချက်များအား ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချစေခြင်းများနှင့် နံနက်(၆) နာရီမှ မွန်းလွဲ(၂)နာရီထိ ရောင်းချမှုများ စစ်ဆေးခဲ့ခြင်းနှင့်၊ ဆေးဝါးပစ္စည်းအရောင်းဆိုင် များအား ည(၇)နာရီအထိရောင်းချခွင့်ပြုထားကြောင်းသိရသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှတာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်