ဖြူးမြို့နယ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး Talk Show ဆောင်ရွက်

ဖြူး အောက်တိုဘာ ၂၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် Online  မှတစ်ဆင့် ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။ 
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းက ဖြူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်စီစဉ် ဆောင်ရွက် ထားရှိမှု အခြေအနေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တင်းဖွင့်လှစ်ပို့ချမည့် အစီအစဉ် များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်တွင် ဆောင်ရွက်ထားရှိမည့် အခြေအနေများအား အသိပညာ ပေး လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမြင့်ဆွေကျော်က ဖြူးမြို့နယ်တွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ မဲဆန္ဒရှင် တိုးတက် လာကြောင်းနှင့် မဲရုံအတွက်လိုအပ်သောပစ္စည်း၊မဲပုံးများကို မဲရုံတည်ရှိသော ရွာအရောက် ပေးပို့ခဲ့ကြောင်း သိရှိရသည်။ 
မနွယ်(ဖြူး)