မုဒုံ အောက်တိုဘာ ၂၃
မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး မိုင်တိုင် အမှတ်(၁၅/၀)နှင့် (၁၅/၁) တံတား အမှတ် (၂/၁၅) ကြားတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့် အချိန်တွင် ကား(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်တွင် ရေး မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ဖြူပြာရောင် (၁၂)ဘီး ကုန်တင်ယာဉ်သည် ရာဘာထင်းတုံးများတင်ဆောင်ကာ မောင်းနှင် လာစဉ် ယာဉ်၏ ဝဲဘက် အနောက်တာယာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်၍ တာယာ(၁)လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကားမီးလောင်ရာနေရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်(၁၀)ဦး၊ အရန်မီးသတ်(၁၅)ဦးနှင့် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များက ဝိုင်းဝန်းမီးငြိမ်းသတ်ကာ ယင်းနေ့မွန်းလွဲ (၃) နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို မုဒုံမြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်လျက် ရှိကြောင်းနှင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သတင်းရရှိသည်။
အောင်မျိုးသူ(ပြန်/ဆက်)