မိုင်းပန် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန် က အ.လ.က(ခွဲ) မြို့မကျောင်း၌ ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဟန်ဌေးက ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်ခန်းစာများအား စတင်ပို့ချခဲ့ကြောင်း သိရ သည်။
သင်တန်းနည်းပြ(၂)ဦးအနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဟန်ဌေးနှင့် မြို့နယ်ဥပ ဒေအရာရှိ ဦးသူရ၀င်း တို့မှ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၄)ခုရှိ မဲရုံပေါင်း(၂၆)ရုံ တွင် တာ၀န်ထမ်း ဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်း သား/သူ (၅၂) ဦးကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေထားသော ဆန္ဒမဲပေးခြင်း နှင့် မဲရေတွက်ခြင်းဆိုင်ရာ တစ်ရက် တာ သင်တန်းစာအုပ်ပါ အကြောင်းအရာများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လက်စွဲစာအုပ်ပါ အကြောင်းအရာများ သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းအား အောက်တိုဘာ (၂၃) ရက်တစ်ရက်တာ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မှ ရွေးကောက်ပွဲအရာရှိ ဒေါ်နန်းဆွယ်ငင်းထံမှ သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)