ပင်းတယ အောက်တိုဘာ ၂၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို သက်ဆိုင် ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်စုစုမွန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များတို့က မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် မဲရုံများအား ကျန်းမျာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လိုက်နာဆောင်ရွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် မဲရုံစုစုပေါင်း (၇၈) ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေစုစုပေါင်း (၆၀၃၃၁) ဦး ခန့်ရှိ ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)