ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရှမ်းရွာသစ်မြို့ရှိ အထူးရဲသင်တန်းသို့ သွားရောက်စစ်ဆေး

ရှမ်းရွာသစ်   အောက်တိုဘာ ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေး အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလင်းထွဋ်က သင်တန်းသားများနှင့် တာဝန်ရှိသူများတို့အား တွေ့ဆုံကာ  အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ရဲမှူးကြီးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေး ကောက်ပွဲကြီးကို နိုင်ငံတစ်ဝန်းလုံး တစ်ပြိုင်တည်းကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲလုံခြုံရေးတာဝန်များ ထမ်းဆောင်ရ မည်ဖြစ်သော ကြောင့် အထူးရဲသင်တန်းဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အခြေခံစစ်ရေးပြနှင့် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲလုပ်ငန်းများအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နေထိုင်ခြင်းအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။    
အဆိုပါသင်တန်းတွင် ရှမ်းရွာသစ်မြို့အတွင်းရှိ အထူးရဲတာဝန်ထမ်းဆောင်မည့် သင်တန်းသား (၁၆)ဦး တက်ရောက် နေပြီး သင်တန်းကြီးကြပ်သူအဖြစ် ရှမ်းရွာသစ်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ် မင်းအောင်ဇော်နှင့် အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ သင်တန်းကာလမှာ အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)