လှိုင်းဘွဲ အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Covid-19 ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ သိရှိနိုင်စေရန်နှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေ သော ကိုဗစ်-၁၉ဆိုင်ရာ သတင်းအမှားများနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာ ပေးနံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာစောင်များတွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ်-၁၉ ကာလအတွင်း သတင်းအချက်အလက်ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သတင်းအချက်အလက် ရယူခြင်းနှင့် ရယူနိုင်သည့် Website များ၊ နေ့စဉ် သတင်းအချက်အလက်နှင့် လွန်ကဲစွာ ထိတွေ့မှုကြောင့် ကူရာမဲ့ခြင်း၊ စိတ်ပူခြင်း၊ သတင်းနှင့် ပတ်သက်၍ ခွဲခြားစိတ်ဖြာမှု၊ ထင်မြင်ယူဆချက်၊ ဆောင်ရန်/ရှောင်ရန်များ စသည့် ကျန်မာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လိုက်နာရမည့် အချက်များအား ပြသထားကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)