မိုဝိုင်းလွတ် အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခနီ္တခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် အောက်တိုဘာလ ၂၃ ရက် နံနက် ၉ နာရီအချိန်တွင် မိုဝိုင်းလွတ် အမှတ်(၁)ရပ်ကွက်ရှိ ကျန်းမာရေးဌာနခွဲတွင် အသက် ၉ နှစ်မှ ၁၀ နှစ်ကြား ကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ၊ တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးများကိုသာ ကာကွယ်ဆေးကို ပထမဆုံးအကြိမ် ထိုးနှံပေးခြင်းဖြစ် ကြောင်းနှင့် စုစုပေါင်းထိုနံပေးခြင်းခံသူဦးရေမှာ (၂၁) ဦးဖြစ်ကြောင်း သိရှိရသည်။
မိုဝိုင်းလွတ်(ပြန်/ဆက်)