ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ ၂၃ ဦး ပြန်လည်ကျန်းမာလာ၍ ဆေးရုံကဆင်း

ဘားအံ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာများကို ပြည်နယ်ပြည်သူ့ ဆေးရုံကြီး (ဘားအံ)၊ ကုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံနှင့် ပညာရေးကောလိပ် (ဘားအံ) တို့တွင်ထားရှိ၍ အထူးကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိုးတွေ့လူနာ ၂၃ ဦး သည် ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်သွားကြပြီ ဖြစ်သည်။

ပြန်လည်ကျန်းမာလာ၍ ဆေးရုံးကဆင်းသူများတွင်  ပညာရေးကောလိပ် (ဘားအံ) မှ ၁၀ ဦး၊ တိုင်းရင်းဆေးရုံမှ ၅ ဦး၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ၈ ဦး စုစုပေါင်း ၂၃ ဦးဖြစ်ပြီး Home Stay (၇) ရက်နေထိုင်သွားကြရမည်ဖြစ်ကာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) တွင် ပိုးတွေ့လူနာ ၂၀ ဦး၊ ပညာရေးကောလိပ် (ဘားအံ) တွင် ၁၃ ဦး၊ တိုင်းရင်းဆေးရုံတွင် ၄ ဦး စုစုပေါင်း ပိုးတွေ့ လူနာ ၃၇ ဦး ကျန်ရှိနေသေးပြီး ကျန်းမာရေးအခြေအနေမှာ ပုံမှန်အတိုင်း ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ဓါတ်ခွဲအတည်ပြု လူနာ ၂၀၂ ဦးရှိပြီး ယနေ့ ၂၃ ဦးအပါအဝင် တစ်ချို့မှာ ဆေးရုံးဆင်း သွားကြပြီဖြစ်သည့်အတွက် ၂၈ ဦး ဆေးရုံတက်ရောက် ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း