ကရသူရိ အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ပုံပြောခြင်း အစီအစဉ်ကို Online မှ ရိုက်ကူးတင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထား သော်လည်းပြည်သူများ Online မှ တဆင့် ဝင်ရောက်ကြည့်ရှု နိုင်စေရန်နှင့် ကလေးများ အကြိုက် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ကိုယ်ကာယလှုပ်ရှားကဏ္ဍ၊ ကိုဗစ်- ၁၉ ရောဂါ အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်အစီအစဉ်များ စသည်တို့ကို ကရသူရိမြို့ ပြည်သူ့ စာကြည့်တိုက် Facebook Page မှ အပတ်စဉ်ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)