သံတောင်ကြီးမြို့နယ်၌ မဲရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

သံတောင်ကြီး     အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်တွင်   ၂၀၂၀ပြည့်နှစ်၊   နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်      ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ       အောင်မြင်စွာကျင်းပနိုင်ရေး အတွက်    မဲရုံများ တွင်  ဆန္ဒမဲပေးမည့် ပြည်သူများ အနေဖြင့်      ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာ န၏    လမ်း ညွှန် ချက်နှင့်အညီ     လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက်    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ယနေ့နံနက် (၁၀)နာရီအချိန် က   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန       အစည်း အဝေးခန်းမတွင်    ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ     မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မိုးအောင်က    သံတောင်ကြီးမြို့နယ်  အတွင်း ရှိ  မဲရုံ(၉၅)ရုံ၏    မဲရုံ ပြင်ပ တွင် တာဝန်ယူဆောင်ရွက်မည့်သူများအနေဖြင့်   ဆန္ဒမဲလာပေးမည့်ပြည် သူများကို      တစ်တစ်ဦးနှင့်    တစ်ဦး(၆)ပေ အကွာရှိစေရေး၊   ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများ  ဖြန့်ဝေပေးခြင်း   ၊ လက်ဆေး နေရာများထားရှိပေးခြင်း နှင့်     လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးခြင်း      စသည်တို့ ကို    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   လမ်းညွှန်ချက်နှင့်အညီ  ဌာနဆိုင်ရာများ ၊      ရပ်ကွက် ကျေးရွာရှိ   စေတနာ့ ဝန်ထမ်း များ    ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက်   ဆွေးနွေးခဲ့သည်။
ထိုနောက်   တက်ရောက်လာသည့်     ဌာနဆိုင်ရာများ၊   ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေွးကောက်ပွဲတွင်  ပူးပေါင်း ပါဝင်ဆောင်ရွက်မည့်ကဏ္ဍများအား     အသီးသီးဆွေးနွေးခဲ့ကြောင်းသိ ရသည်။
မြို့နယ် (ပြန်/ဆက်)