ဘုတ်ပြင်း အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့်မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မဲရုံများတွင် တာဝန်ထမ်ဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံ အဖွဲ့ဝင်များ(၃၉၆)ဦးအား သင်တန်းပို့ချခြင်းကို လေးသုတ်ခွဲ၍ ယနေ့နံနက်မှစ၍ အထက ဘုတ်ပြင်းကျောင်း၌ ပထမနေ့တွင် သင်တန်းသား သင်တန်းသူ (၁၀၈) ဦးကို အခန်း(၅)ဖြင့် လည်းကောင်း အောက်တိုဘာ ၂၄ ရက်နေ့တွင် သင်တန်းသားသင်တန်းသူ (၁၀၀) ဦးကို လည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အထက-ကရသူရိကျောင်းတွင် သင်တန်းသား သင်တန်းသူ (၉၆) ဦးကို လည်းကောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့ အထက-ပြည်ကြီးမဏ္ဍိုင်ကျောင်းတွင် သင်တန်းသား သင်တန်းသူ(၉၂) ဦးတို့ကို၊ နည်းပြ (၉)ဦးက မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ ဝင်များ၏အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား၊ မဲရုံသုံးပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာများ၊ မသန်စွမ်းသူ၊ မဲဆန္ဒရှင်/ခက်ခဲသော မဲအခြေအနေများအား ကိုင်တွယ်ဖြေရှင်းခြင်း၊ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက်များကို စာတွေ့လက်တွေ့ ပို့ချပေးမှာဖြစ်ပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များ နှင့်အညီ သင်ကြားပို့ချလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန်းထွန်းဦး (ဘုတ်ပြင်း ပြန်/ဆက်)