ချင်းရွှေဟော် အောက်တိုဘာ ၂၄
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် နေရပ်ပြန်ပြည်သူ(၂၆)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၂၆)ဦးမှာ အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး (၁၅)ဦးတို့ဖြစ်ကြပြီး မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ (၄)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၃)ဦး၊ ဘုတလင်မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ(၃)ဦး၊ ပေါင်းတည်မြို့နယ်မှ(၁)ဦး၊ မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်မှ(၂)ဦး၊ ပွင့်ဖြူမြို့နယ်မှ(၂)ဦး၊ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်မှ(၄)ဦး၊ လားရှိုးမြို့နယ်မှ(၁)ဦး၊ မိုင်းရယ်မြို့နယ်မှ(၂)ဦး၊ မိုင်းနောင်မြို့နယ်မှ (၁)ဦး၊ ခိုလန်မြို့နယ်မှ(၁)ဦးနှင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ(၁)ဦးတို့ဖြစ်သည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၆၄၄)ဦးနှင့် အမျိုးသမီး(၆၉၈၆)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၆၃၀)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)