မရမ်းကုန်းမြို့နယ် ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်သို့ မဇ္ဇျိမဂုဏ်ရည်ဆရာတော်မှ အလှူငွေ (၉၉၆၀၀၀၀) ကျပ် ပေးအပ်လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက်ရှိ ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်သို့ မဇ္ဇျိမဂုဏ်ရည် ဆရာတော်မှအလှူငွေ (၉၉၆၀၀၀၀)ကျပ်အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါ သီလရှင်ကျောင်း၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

အလှူငွေများအား မဇ္ဇျိမဂုဏ်ရည် ဆရာတော်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် တာဝန်ရှိသူများက သီလရှင်တစ်ပါးလျှင်အလှူငွေ (၁၂၀၀၀၀) ကျပ်နှုန်းဖြင့် သီလရှင် (၈၃)ပါးအတွက် အလှူငွေစုစုပေါင်း (၉၉၆၀၀၀၀)ကျပ်အား သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် မြို့နယ်ကိုဗစ် -၁၉ ကော်မတီမှ Mask များ၊ လက်အိတ်များနှင့် လက်သန့်ဆေးများ ပါဝင်လှူဒါန်း ခဲ့ကြောင်းသိရသည်။

အေးအေးအောင်(ပြန်/ဆက်)