မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသ

မယ်စဲ့  အောက်တိုဘာ   ၂၄    

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ ကယားပြည်နယ် မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သိရှိရမည့် အချက်များအား ချပြရှင်းလင်းခြင်း၊ မဲရုံကြိုတင်ပြင်ဆင်မှုများနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးပုံ အဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)