တမူး အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်တွင် တမူးမြို့၊အမှတ် (၂)ခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင် တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် နည်းပြဆရာ(၈)ဦးတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ပုံစံများ ဖြည့်သွင်းခြင်း၊ ခိုင်လုံမဲ၊ ပယ်မဲ၊ ကြိုတင်မဲ၊ ရွေးကောက်ပွဲနှင့် ကျန်းမာရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်များ နှင့်မဲရုံအခင်း အကျင်းပြသခြင်းတို့ကို လက်တွေ့ပြသခြင်းများဖြင့် သင်တန်းပို့ချပေးသွားမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၆)စုတို့မှမဲရုံ(၃၈) ရုံတွင်တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၇၆)ဦးနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး(၁၆)ဦး စုစုပေါင်း(၉၂)ဦးတို့ကို လူစုလူဝေးမဖြစ်စေရန် အုပ်စု(၄)အုပ်စုခွဲ၍ ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ (၁)ရက်တာ သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း တမူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးရမ်ဇမန်းထံမှ သိရသည်။
ကျော်သူရ(ပြန်/ဆက်)