ကျိုင်းတုံ၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရန်အတွက် အကာအကွယ်ဖြစ်သည့် ပါးစပ်နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးများပေးဝေမှုကို ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရင်ခွင်မဲ့ကလေးလျော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျိုင်းတုံခရိုင်အနေဖြင့် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ မြို့နယ်နှင့်ခရိုင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး“လဲနေသူထူပေးဖို့ ပြည်သူ့အားဖြင့်လက်ကမ်းလို့ ပူးပေါင်းဆောင်ရွက်ကြပါစို့’’ ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ယခုလို အသိပညာပေးခြင်းနှင့် ကျန်းမာရေးအတွက် ပါးစပ်နှာခေါင်းစည်းနှင့် လက်သန့်ဆေးများဝေငှခြင်းကို အသွား အလာများသောနေရာများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်ထံက သိရပါသည်။
ငုချိုချိုကျော် (ပြန်/ဆက်)