မေတ္တာ၊ အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိဘပြည်သူများ စိတ်အေးချမ်းစွာမဲပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မဲရုံများထားရှိရာ မေတ္တာမြို့၊ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မေတ္တာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ဒေသခံများက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်အေး ချမ်းစွာမဲပေးနိုင်ရန် အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း မဲရုံထားရှိရာနေရာများတွင် ခြင်များခိုအောင်းနိုင်သော မြက်ပင်များ ၊ သစ်ပင်ခြုံနွယ်များ ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း မေတ္တာမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၅ ရုံထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး (မေတ္တာ၊ ပြန်/ဆက်)