ပခုက္ကူမြို့တွင် ဂျပန်ဈေးကွက်ဝင်နှမ်းနက်များ GAP နည်းဖြင့်စိုက်ပျိုး

ပခုက္ကူ   အောက်တိုဘာ ၂

ပခုက္ကူမြို့နယ်တွင် ဂျပန်ဈေးကွက်ဝင်  နှမ်းနက်များကို GAP နည်းဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ကျေးရွာအုပ်စု ၁၉ စု ၊ကျေးရွာ ၃၉ ရွာ တွင်တောင်သူဦးရေ ၆၉၀ ဦးတို့က နှမ်းနက် ဧက ၄၃၈၅ ဧကစိုက်ပျိုးထားသည်။ယမန်နှစ်ဈေးကွက်တွင်မကွေးမြို့ မြင့်မြတ် တော်ဝင်ကုမ္ပဏီက ထွက်ရှိနှမ်းများကို ပခုက္ကူမြို့အထိ တောင်သူများနှင့်တွေ့ဆုံ၍  မန္တလေး ကုန်စည်ဒိုင်နှင့် Online မှချိတ်ဆက်ကာ မန္တလေးကုန်စည်ဒိုင်ဈေးနှုန်းအတိုင်း ဝယ်ယူခဲ့ ကြောင်း သိရသည်။ယမန်နှစ် နှမ်းနက် ဈေးကွက်ပေါက်ဈေးမှာ  ၇၆၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဈေးနှုန်း ထိရှိခဲ့ကြောင်းသိရသည်။

GAPနှမ်းနက်စိုက်ခင်းများအားပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာအကူအညီများ သွင်းအားစုများ စနစ်တကျသုံးစွဲနိုင်ရေးတို့ကို ကွင်းဆင်းအလေးထားဆောင်ရွက်ပေးနေပြီး ဆောင်းစိုက်ဧက ပခုက္ကူတွင် ၁၁၃၈၉ ဧကရှိကြောင်း ပခုက္ကူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဦးစန်းလွင်ထံမှသိရသည်။

ကိုတမာ(ပြန်/ဆက်)