ဖာပွန်မြို့၌ မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ထားသော မဲပုံးများအတွင်းသို့ ထည့်သွင်းခြင်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်များအား ချိတ်ပိတ်ထားသော မဲပုံးများအတွင်းသို့ထည့်သွင်းခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။