ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

ရန်ကင်း  နိုဝင်ဘာ  ၄

ကိုဗစ်-၁၉ အန္တရာယ်မှ ခရီးသွား ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ်၊  သစ္စာလမ်းမကြီး၊ မိုးကောင်းဘုရားအနီး အမှတ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ အငှားယာဉ်များ၊ ခရီးသည်တင် Bus ကားများနှင့် ခရီးသွားပြည်သူများကို Mask Campaign ပြုလုပ်ခဲ့သည်။  

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ မြို့နယ်အသီးသီးတွင် Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးထံမှ သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)