ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၄
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲကြီးတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွား မှု ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဖွဲ့စည်းထားရှိပြီး နိုဝင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်လွင်မျိုးထိုက်က စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကိုရှင်းလင်း ပြော ကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်ဖြစ်သည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများမှ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)