စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆန္ဒမဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေး

စဉ့်ကိုင်   နိုဝင်ဘာ  

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပမည့်  ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ အတွက်  ဆန္ဒမဲလက်မှတ်များကို  မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်ယနေ့နံနက်(၁၀)နာရီက ဆန္ဒမဲလက်မှတ်များနှင့်မဲရုံသုံးပစ္စည်းများစတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင်  မဲဆန္ဒနယ်မြေအမှတ်()နှင့်  မဲဆန္ဒနယ်မြေအမှတ် ()၊  မဲရုံ(၂) ရုံရှိပြီး   မြို့ပေါ် ရပ်ကွက်/   ကျေးရွာအုပ်စု(၅၃အုပ်စုရှိရာ  မဲရုံပေါင်း  (၁၄၂)ရုံတွင်    ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ    (၁၁၈၄၁၈)ဦး  ရှမ်း တိုင်းရင်းသား  (၃၁) ရုံအတွက်     ဆန္ဒမဲလက်မှတ်များနှင့်   မဲရုံသုံးပစ္စည်းများကို     ထုတ်ပေးလျက်ရှိပြီး  အထွေထွေရွေးကောက်ပွဲကို  အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်

အဖွဲ့ခွဲရုံးမှသိရသည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များထုတ်ပေးရာတွင်   မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္က ဦးကံမြင့်မှ ကြီးကြပ်၍    အတွင်းရေးမှူး    ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက  သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာ   အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများသို့ မဲရုံသုံးပစ္စည်းများဖြစ်သော ဆန္ဒမဲလက်မှတ်စာအုပ်များ၊ ဆန္ဒပြု တံဆိပ်တုံး များ၊   မဲရုံအလိုက်အသုံးပြုဆောင်ရွက် သွားရမည့် နည်းဥပဒေပါသတ်မှတ်ပုံစံစာရွက်များကို မဲဆန္ဒနယ်မြေ အလိုက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ညိုညိုဝင်း (စဉ့်ကိုင် ပြန်/ဆက်)