ပလက်ဝမြို့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးသူ (၈၀၀)ဦးကျော်ရှိလာ

ပလက်ဝ  နိုဝင်ဘာ  ၄

ပလက်ဝမြို့ပေါ်(၃)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်(၈)နာရီအချိန်မှစ၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်ပြည်သူများနှင့် မသန်စွမ်းမဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့ မြို့မရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်(၄၁၉)ဦး၊ ရွာမရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်(၁၃၉)ဦးနှင့် ရိက္ခာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်(၂၄၄)ဦးတိုက ကြိုတင်ဆန္ဒမ ဲပေးပြီးဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်(၃)ရပ်ကွက်ရှိ မဲရုံများသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အို များကို နိုဝင်ဘာလ (၆)ရက်နှင့်(၇)ရက်နေ့များတွင် အိမ်တိုင်ရာရောက် ဆန္ဒမဲလိုက်လံကောက်ယူ သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

အောင်ကျော်(ပြန်/ဆက်)