မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက တနင်္သာရီမြို့နယ်၊ ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းတွေ့ဆုံ

တနင်္သာရီ နိုဝင်ဘာ   ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးသည် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်နှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွှဲ ၃နာရီအချိန်က  တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်နှင့်ခိုင်လုံမဲဖြစ်စေရေး၊ မဲတံဆိပ်တုံးနှင့် ကြိုတင်မဲပုံးများကို စနစ်တကျလုံခြုံ စိတ်ချစွာ ထိန်းသိမ်းထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်အဖွဲ့သည်  အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့်ချောင်းကြီးရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်

ထားရှိမှု ရှိ/မရှိ၊ ကြိုတင်မဲပုံးများကို စနစ်တကျလုံခြုံစိတ်ချစွာထိန်းသိမ်းထားရှိမှုများကို ဆက်လက် ၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

တနင်္သာရီမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၂၁)အုပ်စု၊ စုစုပေါင်း(၂၆) စုတွင် မဲရုံ(၉၇)ရုံရှိပြီး၊ (ဒုတိယအကြိမ်)မဲစာရင်းကြေငြာချက်အရ မဲဆန္ဒရှင်ပြည်သူ အားလုံးပေါင်း (၈၀၀၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)